ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်
ချစ်သူရဲ့ ရင်ထဲက ခံစားချက်တွေကို
စာရွက်ပေါ်ရေးချတဲ့ အခါ
ကြားခံအဖြစ်သုံးတဲ့ လက်ဖ၀ါးနုနုကို
ဆုပ်ကိုင်ပြီး တူတူလမ်းလျှောက်ထွက်ချင်တယ်။
လိုချင်တာတခုရဖို့ ကျန်တဲ့အရာတခုစွန့်လွှတ်မှတဲ့လား...
ဒါဆို....
ချစ်သူရဲ့ အသံကို အမြဲကြားရဖို့
ငါသိပ်ကြိုက်တဲ့
ဆူဆူညံညံ ရော့ခ်သီချင်းတွေနဲ့ မှစတေးရမယ်ဆိုလည်း
ဒီတသက် ငါ့ ကမ္ဘာမှာ သီချင်းတွေ မရှိလည်းဖြစ်တယ်။
ဖြစ်နိုင်ရင်
ချစ်သူကိုဘေးနားထား
အပေါစားကော်ဖီခပ်ခါးခါးတခွက်
အရသာခံ သောက်ကြည့်ချင်တယ်...
မင်းဘေးနားရှိနေမှတော့
အပေါစားကော်ဖီလည်း
အစွမ်းကုန်ကို ချိုမြိန်နေမှာသေချာတယ်။
မသေခင်ဒီဘ၀မှာ
ချစ်သူ့ လက်ဖ၀ါးနုနုကို ဆုပ်ကိုင်
အလွတ်ရပြီးသားရော့ခ်သီချင်းတစ်ပုဒ် ငြီးဆိုရင်း
အပေါစားကော်ဖီတခွက်တော့
အရသာခံသောက်ကြည့်ချင်သေးတယ်။




5 comments:
မင်းက ရော့ခ်သီချင်းတွေ ဟစ်အော်လိုက်ပြီဆိုတာနဲ့ နှလုံးသားက ဆိတ်ငြိမ်မှုကို ချိုးဖျက်ပြီး
မင်းရဲ့တေးသံစူးရှရှမှာ ကော်ဖီတစ်ခွက်လို ခါးသက်သက် စီးမြောနေရတော့မှာပေါ့ကွယ်
သီရိရေ..
အချစ်ဆိုတာမျိုးက
အရမ်းသိမ်မွေ့တယ်
အရမ်းနူးညံ့တယ်...
စာတွေဖွဲ့တောင် လိုက်မမီဘူးဆိုတာကို ကျနော်နားလည်ပါတယ်ဗျာ....။
.. အလွမ်းတွေက အလွမ်းတွေကို ပြန်လွမ်းတဲ့အထိပေါ့...။
ဆုတောင်းသာပြည့်ပါစေ...။
ကောင်းလိုက်တဲ့ ခံစားချက်လေးပဲအစ်မ။ အစ်မချစ်တဲ့သူနဲ့အမြဲပဲပျော်ရွှင်စွာနေနိုင်ပါစေလို့ဆုတောင်းပေးပါတယ်။
မသေခင်ဒီဘ၀မှာ
ချစ်သူ့ လက်ဖ၀ါးနုနုကို ဆုပ်ကိုင်
အလွတ်ရပြီးသားရော့ခ်သီချင်းတစ်ပုဒ် ငြီးဆိုရင်း
အပေါစားကော်ဖီတခွက်တော့
အရသာခံသောက်ကြည့်ချင်သေးတယ်။
အင်းးးးး တော်တော်လေးကို ပြီးပြည့်စုံတဲ့ အချစ်လေးပါလား
သူနော်.. တို့ကို မေ့ပီးနောက်တယောက်ကို ချစ်နေတယ်.. အဟဲ.. နောက်တာပါ.. မိုက်တယ်ကွာ.. စာသားလေးတွေက
အာဘွားနော်ချစ်
Post a Comment