Tuesday, 22 January 2008

အလွမ်းခါးခါး

ချိုမြိန်ခြင်းနဲ့ အတိပြီးတဲ့
အချစ်ကတစ်ဖက်…
အလွမ်းခါးခါးတွေ နှိပ်စက်လို့
နာကျင်တဲ့ ခံစားချက်ကတစ်ဖက်နဲ့

မင်းရောက်လာမယ့် အချိန်
တစက္ကန့်ချင်းရေတွက်
ဝင်သက်ထွက်သက်နဲ့ အမျှ
လွမ်းတယ် ချစ်သူ။

1 comments:

Mintasay said...

အချစ်ဆိုတဲ့ စာမျက်နှာကို လိုချင်မှတော့ အခြားတစ်ဖက်က အလွမ်းစာမျက်နှာလည်း သူ့အလိုလို ကပ်ပါလာပြီပေါ့။ နှစ်ဖက်စလုံးကို အသေအခြာဖတ်....ပြီးတော့ စကားလုံးတွေကို ရောမွှေလိုက်....အချစ်နဲ့လည်းရောသွားရော.....အလွမ်းတွေကထင်သလောက် မခါးတော့ဘူးပေါ့.....