နာကျင်မှုတွေနဲ့
ဝေဆာပါစေလို့ရယ်တော့
မျှော်လင့်ပြီး စိုက်ပျိုးခဲ့တာ
မဟုတ်ဘူးလေ …. ။
မရည်ရွယ်ထားပေမဲ့လည်း
ဥပက္ခာနဲ့ ဝေဒနာတွေဟာ
သူ့အလိုလို
ဖူးပွင့်တတ်မှန်း
ငါမှ ကြိုသတိမထားမိခဲ့တာ … ။
ငါ ပျိုးကြဲခဲ့တဲ့
ဝေဒနာတွေပါပဲ…
မလိုချင်ရင်တော့
အချိန်မရွေး
ရှင်းလင်းပစ်လို့ ရတယ် … ချစ်သူ။
ဒါပေမဲ့
မင်းနဲ့ ပတ်သတ်သမျှ
ဒီနာကျင်မှုပဲ
ပိုင်ဆိုင်ရမှာ သေချာနေတော့ ……. ။
အစွမ်းကုန်ကို ဖူးပွင့်လိုက်စမ်း
နာကျင်ကြေကွဲမှုရေ…..
ငါ့ရင်ကိုအကွဲခံပြီုး သိမ်းဆည်းထားချင်လို့ …. ။
ရက်အတော်ကြာအောင်ကို ကျမ တာဝန်ဝတ္တရားတွေ ပျက်ကွက်ခဲ့ပါတယ်။ ဘယ်သူ့ဆီမှ မလည်ဖြစ်သလို ကျမဆီ လာလည်ကျသူများကိုလည်း ဧည့်ဝတ်မကျေခဲ့ပြန်ပါဘူး။ အားလုံးကို တောင်းပန်ပါတယ်နော်။ ဘယ်လောက်ထိများလည်းဆိုရင် ၂၈ရက်နေ့မှာ ကျမအဖေဆုံးတာ ၇နှစ်ပြည့် နှစ်ပတ်လည်မှာတောင် ပို့စ်တပုဒ် မတင်နိုင်ခဲ့ဘူး။ ခုတော့ ရေးထားတာ အတော်ကြာနေပြီ ဖြစ်တဲ့ ကျမရဲ့ ကဗျာလေးနဲ့ ပြန်လည်မိတ်ဆက်ပါတယ်နော်။ လာလည်သူများ အားလုံး ကျေးဇူးပါ။ နှစ်သစ်မှ စလို့ မျှော်လင့်ရည်မှန်းသမျှ ကိစ္စ အားလုံး အဆင်ပြေချောမွေ့ကြပါစေ ဆုတောင်းရင်း..... ။
Subscribe to:
Post Comments (Atom)




4 comments:
ရင်ထဲမှာ ကျခတ်ပန်းရုံတစ်ရုံ ၀င်ပွင့်နေသလို စူးစူးရှရှ ခံစားရတယ်
သီရေ
ကဗျာလေးဖတ်သွားပါတယ်။ လက်တွေ့မှာတော့ အဲဒီ့လို ဟုတ်ဝူး မဟုတ်လား။ သီ့ချစ်ချစ်က သဘောကောင်းပါတယ်။ ဟဲဟဲ
ချစ်တဲ့
သဲ
ကဗျာလေးကို ခံစားသွားတယ်ဗျာ အဆင်ပြေပါစေ မသီရိရေ ..။
Hello I just entered before I have to leave to the airport, it's been very nice to meet you, if you want here is the site I told you about where I type some stuff and make good money (I work from home): here it is
Post a Comment