အရမ်း ချမ်းနေတဲ့
ဒီဇင်ဘာလရဲ့ အရုဏ်တက်မှာ
အသက်နဲ့ရင်း ကြင်နာခြင်းစခဲ့တဲ့
မေမေရေ…
ကျေးဇူးပါနော်။
ဖြတ်သန်းခဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်
လိုချင်တာ ရလို့ ပျော်ခဲ့ဖူးတာထက်
ကံကြမ္မာ အချိုးအကွေ့ ခပ်ကြမ်းကြမ်းကြောင့်
ငိုခဲ့ရတာတွေ ပိုပြီး အမှတ်ရနေတယ် မေမေ…. ။
ဒါပေမဲ့လေ
မေမေပေးတဲ့ မေတ္တာနဲ့ သတ္တိတွေထမ်းပိုး
သမီးဆက်လျှောက်နိုင်အောင် ကြိုးစားမယ်
အနားကတော့ လမ်းပြလှည့်ပါဦး မေမေ။
ဆိုးခဲ့ မိုက်ခဲ့တာတွေ
အပြစ်မမြင်
ဆုံးမပဲ့ပြင်လို့ အကြွင်းမဲ့ ပေးဆပ်တဲ့ မေမေရေ..
မေမေ နားခိုဖို့
သစ်ပင်တပင် မဖြစ်နိုင်သေးရင်တောင်မှ
ဆူးညှောင့် ခလုတ်တော့ မဖြစ်စေရဘူးနော်။
ကျမ ဒီ အသက်အရွယ်ထိ ရောက်အောင် ကျွေးမွေး ပြုစု စောင့်ရှောက်ခဲ့တဲ့ မေမေ့ ကို မွေးနေ့မှာ ကဗျာလေးနဲ့ ဦးညွှတ်ရင်း… ။
ခု၇ရက်နေ့မှာ ရောက်ရှိမယ့် မွေးနေ့က ကျမ အသက် ၂၃ နှစ်မြောက် မွေးနေ့လေးပါ။ လာလည်ကြတဲ့သူ အားလုံး အားလုံး ကို ကျေးဇူးပါနော်။ ကဲ… ခု မုန့်ကျွေးမယ့် အစီအစဉ်လေး စရအောင်... ကျမက အစပ်ကြိုက်တော့ ယိုးဒယား အစားအစာ စပ်စပ်လေးတွေနဲ့ ဧည့်ခံလိုက်မယ်နော်။ စားပြီးလို့ အရမ်းစပ်နေလည်း ဘာမှ မပူနဲ့နော်။



ဟီးဟီး.. နောက်ဆုံး အချိုပွဲ မစားခင် စားသွားဦးနော်။ ခင်ရင် အကုန်စား။ မခင်ရင်လည်း တတောင့်တော့စား။
ကိတ်မုန့် နဲ့ coffee latte ရှိသေးတယ် ။ ကော်ဖီမကြိုက်သူတွေ အတွက်ကတော့ ရေခဲမုန့် နဲ့ အသီးဖျော်ရည် လည်း ပါတယ်နော်။ နည်းနေသေးရင် တောင်းပန်ပါတယ်။ ကော်နက်ရှင်အစုတ်ပလုတ်ကို အံတုပြီး အမြန်တင်ထားရတာ မို့လို့ လိုအပ်တာရှိရင် ခွင့်လွှတ်ပါလို့…. ။








17 comments:
HAPPY BIRTHDAY!!!
မနက်ဖြန်မှ မွေးနေ့ပေမယ့် ဒီနေ့ ကြိုဆုတောင်းပေးမယ်နော်။ သီသီတစ်ယောက် လိုအင်ဆန္ဒ ဟူသမျှ ပြည့်ဝပါစေနော်။ ဟင်းတွေရော၊ မုန့်တွေရော ကော်ဖီတွေရော အအေးတွေရော အကုန်စားသွားတယ်။ ငရုတ်သီးတော့ ပါဝူးနော်။ သဲက သီသီ့ကို ချစ်ပဲချစ်တာ။ မခင်ဘူး။ ဟီးးးးးးး ပျော်ရွှင်ပါစေ သီသီရေ။
ယိုးဒယားစာကတော့ ကျွန်မအသည်းစွဲ..
အကုန်စားပစ်မယ်... ပုစွန်ကြီးကြီးတွေကိုလည်း..အားရပါးရ ဆွဲလိုက်မယ်နော်..ဟီး..ငတ်နေတာကြာပြီ.... ကော်ဖီတော့သောက်ဘူး..မကြိုက်လို့...
မွေးနေ့မှာပျော်ရွှင်ပါစေနော်...ဆုတောင်းပေးပါတယ်....
23 နှစ်မြောက်မွေးနေ့မှသည် နောင်နှစ်များစွာတိုင်
လောကအကျိုးကို ဆထက်တပိုးသယ်ပိုးနိုင်တဲ့သူ ဖြစ်ပါစေဗျာ.
အရာရာအားလုံး ငြိမ်းချမ်း အောင်မြင် ပျော်ရွှင် အဆင်ပြေပါစေ။ ။။။။
ကျွန်တော်က အစပ်မစားလို့ ငရုတ်သီးတစ်တောင့်ကိုက်သွားတယ်။
:)
၂၃ နှစ်ပြည့်မွေးနေ့ မှသည် မွေးနေ့ တိုင်းကို ပျော်ရွှင်စွာစဉ်နွှဲ နိုင်ပါစေဗျာ...ရှေ့ဆက်လျှောက်ရမဲ့ အချိန်များမှာလဲ ထာဝရ အေးချမ်းနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်....အစားအသောက်တွေ အားလုံးစားသွားပါတယ်ဗျာ..
အားပါးပါး မွေးနေ့ ကတော့ စပါယ်ရှယ်ပါလား ။ အစားအသောက်တွေကတော့ကောင်းမှကောင်း။ ငရုတ်သီး
တောင့်လေးတွေကလွဲလို့ ပေါ့ လေ။ ပျော်ရွှင်သောမွေး
နေ့ ဖြစ်ပါစေ။လိုအင်ဆန္ဒအားလုံးပြည့်စုံပါစေနော်။
ဖြစ်ချင်တာတွေ ဖြစ်ရပါစေလို့ ဆုတောင်းပါတယ် ကျွေးထားတာတွေက အရမ်းကောင်းတာပဲ တခြားဘလော့ဂ်မှာလည်း စားခဲ့လို့ မစားနိုင်တော့တာနဲပ အကုန်နီးပါး စားသွားတယ်နော် ပျော်ရွှင်ပါစေ
ပျော်ရွှင်ပါစေအစ်မရေ။ မွေးနေ့လဖြစ်တဲ့ဒီဇင်ဘာကော မဟုတ်တဲ့ကျန်တဲ့လတွေကော ပျော်ရွှင်ပါစေ။ ချစ်သောသူများနဲ့အမြဲအတူတကွနေထိုင်နိုင်ပါစေ။ ကံကောင်းခြင်းများနဲ့ကြုံတွေ့ပါစေ။ လိုအင်ဆန္ဒများလည်းပြည့်ဝပါစေနော်။
မုန့်တွေစားသွားတယ်။
ဒီဇင်ဘာ ညီမလေးရေ။ မွေးနေ့မှာ ပျော်ရွှင်ပါစေ။ လိုအင်ဆန္ဒပြည့်ဝပါစေ။ ငရုတ်သီး တစ်ဗန်းလုံးပါဆယ် ထုပ်သွားတယ်။ စားမလို့ မဟုတ်ဘူး။ သူများကို ကျွေးမလို့။ :P
Happy Belated Birthday!!! နောက်ကျသွားတာ ဆောရီး ညီမရေ။ အစားတွေကလည်း အကောင်းတွေချည်းပါပဲလား။ အ၀စားရုံတင်မက ပါဆယ်ပါမသွားပါတယ်။ သင်္ကြန်မကျသေးပဲ ငရုတ်သီးကျွေးတာကလည်း ...ချစ်လို့ကျွေးတယ်ဆိုတော့ စားရမှာပေါ့လေ။ နောက်မွေးနေ့ပေါင်းများစွာမှာလည်း အခုလို အစားကောင်း အသောက်ကောင်းတွေကို များများ ကျွေးနိုင်ပါစေနော်။
Happy Birthday!! to Daw Lay Helena!!
မွေးနေ့မှာ ပျော်ရွှင်ပါစေ ဒေါ်လေး
ဂွီဂေါ် !!!
အရှေ့က ၁၀ ယောက်တောင် ၀ါးသွားပြီဆိုတော့
ရေခဲမုန့်ပဲ ၀ါးတော့မယ်။ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ စိတ်ဆင်းရဲ စရာတွေကြုံတိုင်း တည်ငြိမ်စွာ ဖြေရှင်းနိင်ပါစေ။
ဆိုးသွမ်း
ငရုတ်သီးတစ်တောင့် စားချင်ယောင်ဆောင်ပြီး အချိုပွဲတွေ အကုန်တီးသွားတယ်။ Coffee Lathe တော့ နှစ်ခွက်တောင် သောက်သွားတယ်နော်။ ကုန်သွားရင် ထပ်ဖြည့်လိုက်နော်။
လက်ဘက်ရည်တစ်ခွက် တိုက်ဖို့ အကြွေး ကျန်နေသေးတယ်နော်။ မွေးနေ့အတွက် ဆုတောင်းပေးမယ်။ အကို ဆုတောင်း မပေးခင် လိုချင်တဲ့ ဆုကို ကျိတ်ပြီး ဆုတောင်းလိုက်။ ဆုတောင်းပြီးပြီလား။ အဲဒါတွေ အကန့်အသတ်မရှိ၊ အတားအဆီးမရှိ ပြည့်စုံပါစေဗျားးးးးးးးးးးးးးးး
တုူမလေးသိရီ
မွေးနေ့မှာ ပျော်ရွင်ပါစေကွယ်
၂၃နှစ်မြောက် မွေးနေ့ မှစ၍ နှောင်နှစ်ပေါင်းများစွာ အထိ
ပျော်ရွင်မှု့အပေါင်းနှင့် ပြည့်စုံပါစေ နော်။
Happy Birthday ….။ အမြဲပြုံးနေတတ်ပြီး စတိုင်ကျကျလှတတ်တဲ့ ကလေးလေး တယောက် အမြဲတမ်းပျော်ရွှင်နိုင်ပြီး စိတ်ရောလူပါ ငြိမ်းချမ်းနိုင်ပါစေ။
မချမ်းပဲနဲ့ မာဖလာဝတ်ရတဲ့ ဒုက္ခက ကင်းဝေးအောင် ရန်ကုန်ဆောင်း အလွန်ချမ်း ပါစေလို့ ဆုတောင်းပေးမယ်နော် ။ ;P
ချစ်တဲ့
မွန်းသက်ပန် (မဇင် )
H-A-P-P-Y B-I-R-T-H-D-A-Y !!! (Sorry for my late wishing)
Have a nice dream every night!
HAPPY BELATED BIRTHDAY!!!
May you attain Happy, Healthy and Harmonious Life..
Post a Comment